school logo
Japanese English Chinese Korea Thai Vietnam Indonesia
Spanish Russian German Italian Portugal Hindi Taiwan
About School
Courses
Curriculum
Campus Life
Student's Interview
Album
連絡先
5-10-5 Minamiyawata
Ichikawa city, Chiba
Japan 272-0023

ဖုန်းနံပါတ်- ၀၄၇ ၃၂၉ ၂၁၂၁
ဖက်စ် - ၀၄၇ ၃၂၉ ၂၁၂၂
အီးမေးလ်-japan@aiueo.ws
Student's Interview


conveso antonio


...ကျွန်တော်ဂျပန်ကိုမလာခင်ဂျပန်စာကိုသင်ခဲ့ပေမယ့်နေ့စဉ်သုံးစကားပြော
ကိုပင်သိပ်ပြီးမပြောနိုင်ခဲ့ပါဘူး။အိချိကာဝါဂျပန်ဘာသာသင်တန်းကျောင်းကို
တက်ရောက်ပြီးမှကျွန်တော်ရဲ့စကားပြောဆိုခြင်းကတိုးတက်လာပါတယ်။
သည့်အပြင်ဆရာတွေကလည်းအစွမ်းကုန်သင်ကြားပေးကြပါတယ်။


... ယခုသတင်းစာ၊စာအုပ်များကိုဖတ်နိုင်၍ကျွမ်းကျင်စွာပြောဆိုလာနိုင်တဲ့
အတွက်ကျောင်းကိုကျေးဇူးတင်ပါတယ်။ များစွာသောကျောင်းတွင်း
လှုပ်ရှားမှုများဖြစ်သောရေပူစမ်းခရီး၊တိုကျိုဒစ်စနေလ်လမ်းခရီးစသည်များ
လည်းရှိ၍ကျောင်းမှသူငယ်ချင်းများစွာကိုရရှိခဲ့ပြီးစာသင်ချိန်များမှာလည်း
ပျော်ရွှင်မှုများရခဲ့ပါတယ်။
Convero Antonio (အီတလီ)
Tokyo Institute of Technology (သုတေသနကျောင်းသား)
...ကျွန်မကတော့Hong Yong Hi ဖြစ်ပါတယ်၊၂၀၀၈ဇူလိုင်မှစ၍အိချိကာဝါ
ဂျပန်ဘာသာသင်တန်းကျောင်းမှာစတင်တက်ရောက်ခဲ့ပါတယ်။ ဂျပန်ကို
ပထမဦးဆုံးရောက်ခါစမှာဂျပန်စကားလည်းမပြောနိုင်သူငယ်ချင်းလည်း
မရှိနဲ့ကျွန်မအတွက်တော့ခက်ခဲတဲ့အချိန်တွေပါဘဲ။


... ကျောင်းမှာနိုင်ငံပေါင်းဆုံမှသူငယ်ချင်းများစွာကိုလည်းရရှိခဲ့ပါတယ်။
စာသင်နှစ်၂နှစ်စလုံးမှာလည်းပျော်ရွှင်ခဲ့ပါတယ်။ ဆရာများကလည်း
နွေးနွေးထွေးထွေးဆက်ဆံကြတဲ့အတွက်လည်း မိမိအိမ်လိုပဲခံစားမိပါတယ်။
ဂျပန်ဘာသာနှင့်ပတ်သက်၍လည်းများစွာ တိုးတက်ခဲ့ပါတယ်။
Hong Yong Hi(ကိုရီးယား)
Faculty of Art, Rikkyo University


... အားလုံးမင်္ဂလာပါ….ကျွန်တော်ကတော့ဂျပန်မှာတက္ကသိုလ်အဆင့်မြင့်ပညာ
ကိုဆက်လက်သင်ယူဖို့ရည်ရွယ်ချက်ရှိပါတယ်။ ဘယ်လိုပဲပြောပြောနိုင်ငံခြား
မှာနေရတာမလွယ်ပါဘူး။ဂျပန်ကိုရောက်ခါစမှာများစွာသောအကြောင်းအရာ
တွေကိုစိုးရိမ်ပူပန်ခဲ့ပါတယ်။အိချိကာဝါဂျပန်ဘာသာသင်တန်းကျောင်းတွင်
များစွာသောအကြောင်းအရာများကိုလေ့လာသင်ယူခဲ့ပါတယ်။နိုင်ငံခြားသား
ကျောင်းသားအချင်းချင်းလည်းဂျပန်ဘာသာဖြင့်ဆက်သွယ်ပြောဆိုနိုင်ခဲ့
ပါတယ်။တန်ဖိုးရှိတဲ့အချိန်တွေပါဘဲ။
...ဆရာတွေကလည်းစိတ်ကောင်းရှိစွာဖြင့်အဆင့်မြင့်ပညာဆက်လက်သင်ကြား
နိုင်ရန်အတွက်များစွာသောအကြံဥာဏ် များလည်းပေးခဲ့ပါတယ်။ဆရာတွေ
ကလည်းအင်တာဗျူးအတွက်သတ္တိရှိရှိဖြင့်ဖြေဆိုနိုင်ရန်ကူညီပေးခဲ့ပါတယ်။
နောက်ဆုံးမှာတော့ တက္ကသိုလ်ဝင်ခွင့်ကိုရရှိခဲ့ပြီးအိပ်မက်ကိုအကောင်အထည်
ဖော်နိုင်ခဲ့ပါတယ်။ဤကျောင်းကိုလည်းအလွန်ကျေးဇူးတင်ပါတယ်။
Xu Zhi Shuag(တရုတ်)
Faculty of Economic, Sophia University

...ကျွန်တော်ကတော့အဇာဘိုင်ဂျန်နိုင်ငံသားဖြစ်၍အိချိကာဝါဂျပန်ဘာသာ
သင်တန်းကျောင်းကိုအောင်မြင်၍ ကောလိပ်ကျောင်းတွင်ပညာဆက်လက်
သင်ကြားနေပါတယ်။ကျွန်တော့်ရဲ့အိပ်မက်ကတော့မော်တော်ကားများကိုပြုပြင်
ပေးနိုင်သောအင်ဂျင်နီယာဖြစ်ချင်ပါတယ်။ကျောင်းကိုလည်းကျေးဇူးတင်ပါ
တယ်။အိပ်မက်ကိုအကောင်အထည်ဖော်နိုင်ရန် လမ်းကြောင်းပေါ်ရောက်
နေပါပြီ။
Seyidov Ruzheh(အဇာဘိုင်ဂျန်)
Tokyo Kouka Jidoushadai Vocational School


... အိချိကာဝါဂျပန်ဘာသာသင်တန်းကျောင်းကိုကျေးဇူးတင်ပါတယ်။
ယခုဂျပန်စာလေ့လာမှုလည်း တိုးတက်လာပါတယ်။ ကျွန်တော့်ရဲ့အတန်းက
စိတ်ဝင်စားမှုရှိ၍ ဆရာတွေကလည်းအလွန်ကောင်းပါတယ်။ ဂျပန်မှာပညာ
သင်ယူချင်သူများကိုလည်းဤကျောင်းမှာတက်ရောက်သင်ကြားဖို့တိုက်တွန်း
ချင်ပါတယ်။ကျောင်းမှာရှိခဲ့တဲ့ပျော်ရွှင်စရာအချိန်တွေကိုဘယ်တော့မှမမေ့ပါဘူး။

...နိုင်ငံအသီးသီးမှသူငယ်ချင်းများစွာကိုလည်းရရှိခဲ့ပါတယ်။ဂျပန်ဘာသာနဲ့
ဂျပန်ယဉ်ကျေးမှုကိုပျော်၇ွှင်စွာသင်ယူနိုင်ခဲ့ပါတယ်။ သင်တို့ အတွက်ကျောင်းမှ
ဆရာများကကြိုဆိုနေပါတယ်။
Sinthavarayan Banjong(ထိုင်း)
Faculty of International Business, Kyoei University

...မင်္ဂလာပါ… ကျွန်မကတော့ချိဘတက္ကသိုလ်မှာပညာသင်ကြားနေပါတယ်။
ကျောင်းသားအများစုက တက္ကသိုလ်ဝင်နိုင်ရန်အိပ်မက်များရှိကြပါတယ်။
ပြောချင်တာကဂျပန်စာတစ်ခုတည်းကြိုးစားလို့မရပါဘူး၊ သင်္ချာနှင့်အထွေထွေ
ဘာသာရပ်များကိုလည်းလေ့လာကြိုးစားသင့်ပါတယ်။သတင်းစာဖတ်ခြင်း၊
သတင်းနားထောင်ခြင်းများသည်အရေးကြီးသောအထွေထွေဗဟုသုတများ
ဖြစ်၍စာအုပ်များတွင်လေ့လာ၍မရနိုင်သောဗဟုသုတများ ဖြစ်ပါတယ်။
...ကျောင်းမှဆရာများသည်အသုံးဝင်သောအကြံဥာဏ်များပေးရုံတင်မကဘဲ
နေ့စဉ်ကြုံတွေ့ ရသော စားဝတ်နေရေးအခက်အခဲများကိုလည်းကူညီဖြေရှင်း
ပေးပါတယ်။ချိဘတက္ကသိုလ်ကိုဝင်ရောက်နိုင်ရန်ညွှန်ပြပေးသော ဆရာများကို
ကျေးဇူးတင်ပါတယ်။
...ကျောင်းသည်စာမေးပွဲများမကြာခဏဖြေဆိုရခြင်း၊ စာကျက်ရန်သတိပေး
ခြင်းများကိုလည်းလုပ်ဆောင်ပေးပါတယ်။ ကျောင်းတွင်းလှုပ်ရှားမှုများကလည်း
ဂျပန်စာအတွက်များစွာအထောက်အကူရပါတယ်။ရည်ရွယ်ချက်တွေပြည့်ဝ
အောင်ကြိုးစားကြပါစို့။
Weng Jin Ling(တရုတ်)
Faculty of Law and Economic, Chiba University


Long Term Course
Short Term Course
Course for Japanese Resident
Private Lesson
Access
Inquiry
Exercise
Copyright(C) 2010 Ichikawa Japanese Language Institute All Rights Reserved.